မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း အောက်တိုဘာ  ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယနေ့နံနက် ၈ နာရီခွဲက တာကြန့်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် တာကြန့်ကျေးရွာအုပ်စု တာကြန့်ကျေးရွာ ဦးအင်ဒရူးမှ ဓာတ်သတ္တုလိုင်စင် လျှောက်ထားသည့်နေရာအား မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးလောထွေး၊  လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးမြတ်စောမင်း၊ တာကြန့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေး၊ လိုင်စင်လျှောက်ထားသူတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း