ရွှေတောင် အောက်တိုဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မင်းကွန်းအုပ်စု၊ မင်းကွန်းကျေးရွာ ကွင်းအမှတ် ၄၁၉ B ရှိတောင်သူ ဦးကျော်လွင်၏ BS to CS စိုက်ခင်းအား ယနေ့ နံနက်ပိုင်းက ခေါင်နှံရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆလိုင်းဒယ်နီရယ်ထွန်းတင်၊ ပြည်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့တာဝန်ခံ ဒေါ်မြင့်မြင့်သိန်း၊ ပြည်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချတာဝန်ခံ ဒေါ်အေးအေးမင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးမျိုးအောင်နှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်ခေါင်နှံရွေးချယ်ခြင်းဖြင့် ဒေသအတွင်း မျိုးလိုအပ်ချက်များအတွက် တောင်သူများကိုယ်တိုင် ခေါင်နှံများရွေးချယ်၍ မျိုးသန့်ထိန်းသိမ်းခြင်း၊ မျိုးစေ့လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ခြင်း၊ သက်တမ်းတိုစပါးမျိုးလိုအပ်ချက်အား မိမိတို့ဒေသအတွင်း အလွယ်တကူ မျိုးပွားနိုင်ခြင်းဖြင့် တောင်သူများ၏လိုအပ်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့ အချိန်မီရရှိနိုင်ရန် ရည်ရွယ်ဆောင်ရွက်ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)