ပုဏ္ဏားကျွန်း အောက်တိုဘာ ၁၇
ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီး၍ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစီမံချက်အရ ပုဏ္ဏားကျွန်းမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ PDYO လူမှုကူညီရေးအသင်း၊ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းနှင့်ဒေသခံပြည်သူများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တော်ဓာတ်စေတော်မြတ်ကြီးရင်ပြင်၌ လူထုလှုပ်ရှားမှု စုပေါင်းအမှိုက်ကောက်ပွဲဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ကြရာတွင် ရခိုင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစီမံချက်အရ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာပေးရရှိစေရန် လှုံ့ဆော်သည့်သဘောဖြင့် အမှိုက်ကောက်ပွဲများ၊ အသိပညာပေးဟောပြောပွဲများနှင့် ပလတ်စတစ်သုံးစွဲမှုလျော့ကျစေရေးအတွက် အစားထိုးအိတ်များ မျှဝေပေးခြင်းနှင့် စွန့်ပစ်ပစ္စည်းများအား ပြန်လည်အသုံးချနိုင်သည့် နည်းလမ်းများစသည့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး ရင်ပြင်နှင့် အနီးပတ်ဝန်းကျင်တို့တွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ (P.D.Y.O)လူမှု ကူညီရေးအသင်း၊ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ လူထုလှုပ်ရှားမှု စုပေါင်းအမှိုက်ကောက်သိမ်းပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)