တောင်ဥက္ကလာပ အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာအောင်သင်း ရေးသားထားသည့် “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်အား ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းမှ စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး Women Club အဖွဲ့ဝင် ဒေါ်လှလှဝင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် စာရေးဆရာမ မြမဥ္ဇူဝေ(ကျုံမငေး)တို့မှ တက်ရောက်လာသော Women Club အဖွဲ့ဝင်များအား စာရေးဆရာအောင်သင်း ရေးသားသော “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ထဲမှ သိပညာဗဟုသုတရရှိမည့်၊ မှတ်သားသင့်သည့် အကြောင်းအရာတို့ကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ စာဖတ်ပရိတ်သတ်များ၊ Women Club အဖွဲ့ဝင်းများကလည်း အသီးသီးဆွေးနွေးကြပြီး သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင် Book Club အဖွဲ့ဝင်များ၊ Women Club အဖွဲ့ဝင်များ၊ စာဖတ်ပရိတ်သတ်များ တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းများ၊ ရေးသူဖတ်သူဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)