သတင်းများ

မင်းဘူးခရိုင် အားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Mar 30,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအဖြစ် အားကစားကွင်း အတွင်းပတ်လမ်းနှင့် အပြင်ပတ်လမ်းအုတ်စီရေမြောင်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ အဆိုပါအားကစားကွင်း၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပျော်ဘွယ်မြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း
Mar 30,2026
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ကျင်းပနိုင်ရေး၊ ယဉ်ကျေးမှုနှင့်အညီပျော်ရွှင်အေးချမ်းစွာဆင်နွှဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၃၀ ရက် နံနက် ၉ နာရီခွဲက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ကျင်းပသည်။
ကန့်ဘလူမြို့၌ ကိုယ်ပိုင်အထက်တန်းဆင့် သင်ကျောင်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Mar 30,2026
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ပေါ်ရှိ ကိုယ်ပိုင်အထက်တန်းဆင့် သင်ကျောင်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများကို မတ် ၂၉ ရက်နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
Mar 30,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်နေ့ နေ့လည်ပိုင်းက စတင်၍ ကန်ကြီးထောင့်မြို့နယ်၊ မဟာသိရီမင်္ဂလာရာမကျောင်းတိုက်၊ ဘာသန္တရတက္ကသိုလ်တွင်‌ ဖြေဆိုခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စိတ်ကြိုက်ပုံတူပြိုင်ပွဲပြုလုပ်
Mar 30,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်  ကျောင်းသူ/ကျောင်းသားများ နွေရာသီကျောင်းပိတ်ရက်၌ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေရေးအတွက်ယနေ့နံနက်(၁၀)နာရီအက စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပသည်။
ကြို့ပင်ကောက်မြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်‌ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်
Mar 30,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ လမ်းလျှောက်သင်္ကြန်ဆင်နွဲရန် ကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲ (၂၇)ကြိမ်မြောက်ဖြေဆို
Mar 30,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မိုဃ်းကောင်းတန်ဆောင်းတော်ကြီးတွင် နိုင်ငံတော်အစိုးရပါဠိပထမပြန်စာမေးပွဲ (၂၇)ကြိမ်မြောက်ကို မတ် ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က ပထမနေ့အဖြစ် စတင်ဖြေဆိုခဲ့ကြသည်။
ကော့သောင်းမြို့၌ နိုင်ငံတော်မှချီးမြှင့်သည့် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ရွှေတောင်ကုန်းဆရာတော်အား ဂုဏဝိသိဋ္ဌပူဇော်ပွဲကျင်းပ
Mar 30,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့တွင်  နိုင်ငံတော်မှချီးမြှင့်သည့် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ရွှေတောင်ကုန်းဆရာတော်အား ဂုဏဝိသိဋ္ဌပူဇော်ပွဲအခမ်းအနားကို မတ်  (၂၉) ရက် နံနက်ပိုင်းက ရွှေပြည်သာရပ်ကွက်၊ရွှေတောင်ကုန်းသာသနာ့ရိပ်သာကျောင်း၌ ကျင်းပသည်။