သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စိတ်ကြိုက်ပုံတူပြိုင်ပွဲပြုလုပ်

သံတောင်ကြီး မတ် ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်  ကျောင်းသူ/ကျောင်းသားများ နွေရာသီကျောင်းပိတ်ရက်၌ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေရေးအတွက်ယနေ့နံနက်(၁၀)နာရီအက စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲများဆောင်ရွက်ပေးခြင်းဖြင့် ကလေးငယ်များ ဉာဏ်ပညာစွမ်းရည် အတွေးအခေါ်စွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပရာ ကျောင်းသူ/ကျောင်းသား (၁၃)ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိနော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ