သတင်းများ

ကျောက်ဆည်မြို့နယ်၌ တမုတ်မြောင်းရေဖြင့် ကျေးရွာအုပ်စု ၁၀ အုပ်စု၌ နွေစပါး ၁၂၅ ဧကနှင့် နွေနှမ်း ၈၆၉ ဧက စိုက်ပျိုးပြီးဖြစ်
Mar 30,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ တမုတ်မြောင်းရေဖြင့် ကျေးရွာအုပ်စု ၁၀ အုပ်စု၌ နွေစပါး ၃၅၃ ဧကနှင့် နွေနှမ်း ၄၀၂၈ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ယခုအခါ  နွေစပါး ၁၂၅ ဧကနှင့် နွေနှမ်း ၈၆၉ ဧက စုစုပေါင်း ၉၉၄ ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၌ သူနာပြုဒီပလိုမာသင်တန်းကျောင်း( မန္တလေး)မှ သင်တန်းသား၊ ကျောင်းသူများ မိသားစုကျန်းမာရေး ကွင်းဆင်းကြည့်ရှု
Mar 30,2026
​ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ရန်နှင့် မိသားစုကျန်းမာရေး အသိပညာပေးရန်ရည်ရွယ်၍ သူနာပြုဒီပလိုမာသင်တန်းကျောင်း (မန္တလေး) မှ ဒုတိယနှစ်သင်တန်းသား၊ ကျောင်းသူများ မိသားစုကျန်းမာရေး (Family Nursing) ကွင်းဆင်းစစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
ကော့သောင်းမြို့တွင် ( ၂၀၂၆) ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပလျက်ရှိ
Mar 30,2026
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ( ၂၀၂၆) ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်(၂၉)ရက်မှ ဧပြီ(၄) ရက်အထိ ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ကျင်းပလျက်ရှိသည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါး ၄၉၃၂ ဧက လျာထားပြီး ၁၅၀၁ ဧက စိုက်ပျိုးပြီးဖြစ်
Mar 30,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါး ၄၉၃၂ ဧက လျာထားပြီး ၁၅၀၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
‎မဟာအောင်မြေမြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် (ဒုတိယနေ့) စာမေးပွဲဆက်လက် ဖြေဆို
Mar 30,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မတ်၂၉ ရက်နေ့မှ ကျင်းပဆောင်ရွက်ခဲ့ရာ ယနေ့နေ့လယ် ၁၂ နာရီတွင်လည်း မစိုးရိမ်တိုက်သစ်၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ
Mar 30,2026
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(တတိယနေ့)ကို မတ် ၃၀ ရက် နံနက် ၁၀နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ  တိုင်းဒေသကြီးလွှတ်တာ် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တက်ရောက်ခွင့်ရှိသည့်လွှတ်တော်ကိုယ်စားလှယ် (၇၂) ဦးရှိသည့်အနက် (၇၂)ဦးတက်ရောက်သည့်အတွက် ရာနှုန်းပြည့် တက်ရောက်ကြသည်။