သတင်းများ

ကယားပြည်နယ်ဝန်ကြီးချုပ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းနှင့် ဥတ္တရာရုံဘုန်းကြီးကျောင်း ဆရာတော်များထံ သွားရောက်ဖူးမြော်ကြည်ညို
Apr 05,2026
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်က လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင် ဆရာတော် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာစက္ကအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ထံမှ ဩဝါဒခံယူခဲ့သည်။
ကန့်ဘလူမြို့၌ မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 05,2026
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ကျင်းပနိုင်ရေး၊ ယဥ်ကျေးမှုနှင့်အညီ ပျော်ရွှင်အေးချမ်းစွာ ဆင်နွှဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၂ ရက်မွန်းလွဲ ၁ နာရီက ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် သောက်သုံးရေလိုအပ်ချက်ရှိသော ပြည်သူများအား နေအိမ်အရောက် ရေလှူဒါန်း
Apr 05,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် သောက်သုံးရေ လိုအပ်ချက်ရှိသော ပြည်သူများအား ယနေ့နံနက်ပိုင်းက စံပြရပ်ကွက်သို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေ လိုအပ်ချက်ရှိသော ပြည်သူများအား နေအိမ်များအရောက် ပေးဝေခဲ့ကြသည်။
မိုးနဲမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြှိမ်းသတ်မှုများ ပူးပေါင်းဆောင်ရွက်
Apr 05,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေပိုင်းက အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ညောင်လေးပင်ခရိုင်နှင့် ပဲခူးခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Apr 05,2026
ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးတင်ဆွေသည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်နှင့် ပဲခူးခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်၌ ရက်ပေါင်း ၄၀ ကျော် ရပ်နားထားခဲ့ရသည့် ခရီးသည်တင် လေကြောင်းလိုင်းများ ယနေ့မှစ၍ စတင်ပြေးဆွဲပြီဖြစ်
Apr 05,2026
ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးတွင်အဓိကကျသည့် လေကြောင်းလိုင်းပြေးဆွဲမှုများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့စတင်ပြီး လေယာဉ်ပြေးဆွဲမှုူများ ရပ်နားထားခဲ့ရာမှ ယနေ့ ဧပြီ ၄ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မြစ်ကြီးနားလေဆိပ်၌ ခရီးသည် တင်လေကြောင်းလိုင်းများ စတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်း အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှုကြည့်ရှုအားပေး
Apr 05,2026
မကွေးတိုင်းဒေသကြီးတွင် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ မိမိတို့နေအိမ်များ၌ နေထိုင်ရန်ခက်ခဲပြီး အပူဒဏ်ကိုတိမ်းရှောင်ရန် လိုအပ်မည့်သူများနှင့် သက်ကြီးဘိုးဘွားများအား အပူရှောင်စခန်းများတွင် လာရောက်နားခိုနိုင်ရေးနှင့် အပူဒဏ်အန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် အပူရှောင်စခန်းများဖွင့်လှစ်ထားရှိရာ မကွေးခရိုင်၊ မကွေးမြို့တွင် ဖွင့်လှစ်ထားရှိသည့် အပူရှောင်စခန်းအား ယမန်နေ့နံနက် ၁၀နာရီက မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးခင်‌မောင်ညိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများကသွား ရောက်ကြည့်ရှုအားပေးခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး မဏ္ဍပ်ဆောင်လုပ်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Apr 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၅)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းမကြီး၌ ကွင်းဆင်းသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။