ကွမ်းခြံကုန်းမြို့နယ်တွင် သောက်သုံးရေလိုအပ်ချက်ရှိသော ပြည်သူများအား နေအိမ်အရောက် ရေလှူဒါန်း

ကွမ်းခြံကုန်း ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် သောက်သုံးရေ လိုအပ်ချက်ရှိသော ပြည်သူများအား ယနေ့နံနက်ပိုင်းက စံပြရပ်ကွက်သို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေ လိုအပ်ချက်ရှိသော ပြည်သူများအား နေအိမ်များအရောက် ပေးဝေခဲ့ကြသည်။

အဆိုပါရေလှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦး‌အောင်မျိုးထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ရေသယ်ယာဉ်ဖြင့် လတ်တလောသုံးရေ အခက်အခဲရှိသော စံပြရပ်ကွက် 5Q-5286 Dong Feng မီးသတ်ရေယာဉ် (၁) စီးတို့ဖြင့် နေအိမ်များသို့ ရေရရှိရေးအတွက် နေအိမ်များအရောက် ကုသိုလ်ပြုရေများ ပေးဝေခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)