သတင်းများ

ခန္တီးမြို့၌ ဈေးမီးဘေးလုံခြုံရေး လိုက်လံစစ်ဆေး
Apr 05,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနတို့ ပူးပေါင်းကာ  ဈေးမီးလောင်မှုကြီးများမဖြစ်ပွား မပေါ်ပေါက်စေရန်၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် မီးလောင်မှုဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဈေးမီးဘေးလုံခြုံရေး စစ်ဆေးခြင်းကိုယနေ့ နံနက်(၉)နာရီအချိန်က မြို့မမင်္ဂလာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေး ကြိုတင်လေ့ကျင့်ဆောင်ရွက်နေ
Apr 05,2026
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိရာ မဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေးအတွက် ဌာနဆိုင်ရာအလိုက်၊ ကျောင်းအလိုက် ကြိုတင်လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။
သီပေါမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆွေးနွေး
Apr 05,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်မြို့ ပြည်သူ့‌ဆေးရုံကြီး၌ အပူဒဏ်‌ကြောင့်ဖြစ်ပေါ်တတ်သောရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကုသပေးမည့်နေရာကြိုတင်စီစဉ်ဆောင်ရွက်ထားရှိ
Apr 05,2026
ပဲခူးတိုင်း‌ဒေသကြီး ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ယမန်နေ့ကစ၍ အပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်သောရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကုသပေးမည့်နေရာအား ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
Apr 05,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲသွားမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
မြူးကြွသော သင်္ကြန်သီချင်းများဖြင့် သင်္ကြန်ယိမ်းအကအဖွဲ့များ အကလေ့ကျင့်
Apr 05,2026
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် မိုင်းယောင်းမြို့၌ ကံ့ကော်ပန်း၊ ပိတောက်ပန်း၊ ငုဝါပန်း၊ စိန်ပန်း၊ ရင်ခတ်ပန်းတို့ ဝေဝေဆာဆာ ဖူးပွင့်လာခြင်းနှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ယခုအခါ သင်္ကြန်ယိမ်းအကအဖွဲ့များက မြူးကြွသော သင်္ကြန်တေးသီချင်းများဖြင့် အကလေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။
ညောင်ဦးမြို့၌ အပူရှောင်စခန်းဖွင့်လှစ်ထားရှိပြီး အပူရှောင်ပြည်သူများအား ကြည့်ရှုအားပေး
Apr 05,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၌ နွေရာသီ ရာသီဥတုပူပြင်းလာသည်ဖြစ်ရာ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများ အပူဒဏ်အန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန် အပူရှောင်စခန်းများ ဖွင့်လှစ်ထားခြင်းနှင့်အတူ အပူဒဏ်အန္တရာယ်ဖြစ်ပေါ်လာပါက အချိန်မီကုသနိုင်ရေး ညောင်ဦးခရိုင် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်အခန်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်ထံက သိရသည်။
မင်္ဂလာဒုံမြို့နယ် သပြေညိုပညာဒါန အကျိုးဆောင်အသင်းက ကြီးမှူးဖွင့်လှစ်သော နွေရာသီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Apr 05,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သပြေညိုပညာဒါန အကျိုးဆောင်အသင်းက ကြီးမှူးဖွင့်လှစ်သော နွေရာသီသင်တန်းများ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီ၊ လူငယ်စာဖတ်ရှိန် မြှင့်တင်ရေးသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သပြေညိုပညာဒါနကျောင်းဝန်း၌ ကျင်းပပြုလုပ်သည်။