သတင်းများ

ဘားအံမြို့၌ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်
Mar 30,2026
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ် ၂၉ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း စာတွေ့ လက်တွေပို့ချ
Mar 30,2026
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကြက်ခြေနီ‌ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ သုံးရက်တိုင်တိုင်သင်ကြားပို့ချပေးရာ မတ် ၂၉ ရက်နေ့က နောက်ဆုံးနေ့အဖြစ် သင်ခန်းစာများအား စာတွေ့ လက်တွေ့သင်ကြပေးကြကြောင်း သိရသည်။
ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲကျင်းပ
Mar 30,2026
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအားသက်ဆိုင်ရာ ကျေးရွာကော်တီများထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အဆိုပါရုံး အစည်းအဝေးခန်းမ၌ မတ်လ ၃၀ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။
မြင်းခြံမြို့၌ ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာပေးပွဲ(ဒုတိယနေ့) ဖြေဆိုလျက်ရှိ
Mar 30,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ သာသနာရေးဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ(ဒုတိယနေ့)ကို ယနေ့ နံနက် ၉ နာရီက ရွှေပြည်စိုး သာသနာ့ဗိမာန်တော်တွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်‌ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိ
Mar 30,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ယိမ်းအကအဖွဲ့များက ယနေ့ နံနက်ပိုင်းမှစ၍ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိသည်။
ကော့သောင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေး၊ စွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်
Mar 30,2026
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို  ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
ကော့ကရိတ်မြို့နယ်တွင် ၂၀၂၆ခုနှစ်  အစိုးရပါဠိပထမပြန်စာမေးပွဲ  ကျင်းပ
Mar 30,2026
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၆ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက် မွန်းတည့် ၁၂ နာရီက ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့၏ ဓမ္မသုခစာသင်တိုက်၌ ကျင်းပသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ကော့ကရိတ်မြို့  ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ
Mar 30,2026
ကရင်ပြည်နယ် ကော့ကရိတ်မြို့၌  မတ် ၂၈ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမင်းရွှေနှင့်အဖွဲ့ဝင်များသည် တံတားကျိုးပူးပေါင်းစစ်ဆေးရေးဂိတ် ရုံးအဆောက်အဦများ ပြင်ဆင်ထားရှိမှုအား  ကြည့်ရှုစစ်ဆေးပြီး ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဒေါနခန်းမတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ဆွေးနွေးသည်။