သတင်းများ

ထန်းတပင်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ယိမ်းအကအဖွဲ့များက ကြိုတင်လေ့ကျင့်လျက်ရှိ
Apr 05,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့မှာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြို့နယ်အဆင့် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှူများ၊ ယိမ်းအကအဖွဲ့အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်မြို့၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲအောင် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Apr 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်တွင် ယမန်နေ့ နံနက်(၇) နာရီခန့်က ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်သော စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့သည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Apr 05,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့မွန်းလွဲ (၂) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်၌ နွေရာသီယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Apr 05,2026
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ​နွေရာသီယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း  ၉ နာရီက အ.ထ.က-၁ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
သရက်မြို့၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး စခန်းဖွင့်လှစ်ထားရှိမှုအား ကြည့်ရှုအားပေး
Apr 05,2026
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အပူဒဏ်ကို တိမ်းရှောင်ရန် လိုအပ်မည့်သူများနှင့် သက်ကြီးဘိုးဘွားများကို အပူရှောင်စခန်းများတွင် လာရောက် နားခိုနိုင်ရေး ယနေ့နံနက် ၁၀ နာရီက သရက်မြို့၊ သာသနာ့ဗိမာန်တော်အတွင်း အပူရှောင်စခန်းဖွင့် လှစ်ထားရှိခဲ့သည်။
ကော့သောင်းမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်
Apr 05,2026
မြန်မာတို့၏ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာအရ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ၁၃၈၇-၁၃၈၈ ခု၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စနစ်တကျ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် အများပြည်သူ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ရွှေတောင်မြို့နယ်၌ အရေည်အသွေးကောင်းစပါး ရေဆင်းပေါ်ဆန်းမျိုးများ စိုက်ပျိုးထားရှိ
Apr 05,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာတွင် အရေည်အသွေးမြှင့်ပေါ်ဆန်းမျိုးများ လုံလောက်စွာရရှိစေရန်ရည်ရွယ်၍ မျိုးစေ့ထုတ်အရည်အသွေးကောင်းရေဆင်းပေါ်ဆန်းမျိုးများစိုက်ပျိုးထားရှိရာ ရွှေတောင်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် အရည်အသွေးကောင်းရေဆင်း ပေါ်ဆန်း (၁) ၂၀ဧကနှင့် ရေဆင်းပေါ်ဆင်း(၂) ၂၆ ဧကကို မျိုးစေ့ထုတ်လုပ်ရန်စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
တွံတေးမြို့နယ် စက်သုံးဆီခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/QR Codeဖြင့် စုံ/ မ ယာဉ်များကို နေ့အလိုက် စက်သုံးဆီရောင်းချနေမှုလိုက်လံစစ်ဆေး
Apr 05,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ်၊ စက်သုံးဆီခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/ QR Codeဖြင့် စုံ/ မ ယာဥ်များကို နေ့အလိုက် စက်သုံးဆီရောင်းချနေမှု လိုက်လံစစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီက လှိုင်သာယာတွံတေးကားလမ်းမဘေးရှိစိန်သဇင်နှင့် ဘုရားငုတ္တိုလမ်းဆုံရှိ MAX စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။