ဒေါပုံမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအလှအကများဖြင့် ဖျော်ဖြေနိုင်ရေး ကြိုတင်ပြင်ဆင်

ဒေါပုံ ဧပြီ ၁၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦထူးထက်နှင့် အဖွဲ့၀င်များ ဦးဆောင်၍ ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိရာ ရိုးရာသင်္ကြန်အကအလှများဖြင့် ပါ၀င်ဖျော်ဖြေနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ရာ ဒေါပုံတန်ခူးမေသင်္ကြန်ယိမ်းအဖွဲ့အကြီးတန်းနှင့်အငယ်တန်းယိမ်းအဖွဲ့၀င်များက ကြိုတင်‌လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိပြီး သင်္ကြန်ပွဲတော် ကာလအတွင်း လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွင် ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)