ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ကြီး၏ (၉၆၄)ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်အစဉ်အလာမပျက် ရပ်ကွက်များမှ ငွေဆွမ်းကပ်ဦးခိုက်ပူဇော်

ညောင်ဦး  ဒီဇင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီး၏ (၉၆၄)ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကိုအစဉ် အလာမပျက် ရွှေစည်းခုံစေတီတော်ကြီး ပတ်ဝန်းကျင်ရှိ ရပ်ကွက်များကပဒေသာပင်များ၊ငွေပဒေဿာပင်များဖြင့်အမှတ် (၅)ရပ်၊ ရပ်ကွက် (၁၂)ရပ်ကွက်နှင့်လူမှုရေးအသင်းနှင့်ပြည်တွင်းဧည့် လမ်းညွှန်အသင်းတို့မှ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ မြို့တွင်းလှည့်သို့ အတီး၊ အမှုတ်၊ အကတို့ဖြင့် စီတန်းလှည့်လည်၍ ရွှေစည်းခုံစေတီတော်ကြီးကို ဦးခိုက် ပူဇော်ခဲ့ကြကြောင်းသိရသည်။

ရွှေစည်းခုံစေတီတော်ကြီး၏ (၉၆၄)ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၃ ရက်နေ့အထိ စေတီတော်ပရဝုဏ်အတွင်းရှိ ရှင်အရဟံသိမ်တော်ကြီးအတွင်း သံဃာတော်အရှင်သူမြတ်များမှ အသံမစဲပဌာန်းတရား တော်များကိုရွတ်ဖတ်ပူဇော်ခဲ့ပြီး  နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရွှေစည်းခုံစေတီ တော်ဘုရားကြီး အင်္ဂါထောင့် မဏ္ဍပ်အတွင်းတွင် ညောင်ဦးမြို့နယ်အတွင်းရှိ သံဃာတော်သာမဏေအပါး (၇၁၄)ပါးတို့အား ဆွမ်းသပိတ်လုံးနှင့်ငွေပဒေသာပင်များဆက်ကပ်လှူ ဒါန်းကာ နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့ တွင် (၃၇) နတ်နန်းရှေ့တွင် အတွင်း(၃၇)မင်း အပြင်(၃၇)မင်းတို့အား ပူဇော်ပသသည့် နတ်ကနားပွဲကျင်းခဲ့ပြီး၊ တန်ဆောင်မုန်းလပြည့်၊ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ညောင်ဦးမြို့နယ်အတွင်း၊ ညောင်ဦးမြို့နယ်ပြင်ပ ကုသိုလ်ရှင်များမှ ဆွမ်းသပိတ်လုံး၊ ငွေပဒေသာပင်နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း တန်ဆောင်မုန်းလပြည့်နေ နံနက်အချိန်တွင် စေတီတော်ကြီးအား ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်လှူပူဇော်ခဲ့ကြကာ တန်ဆောင်မုန်းလပြည့်နေ ညအချိန်တွင် ဆီမီးငါးထောင်ဆက်ကပ်ပူဇော်ခဲ့ကြပြီး ဒီဇင်ဘာ ၃ ရက်နေ့တွင် ညောင်ဦးမြို့ အမှတ်(၄) နယ်မြေအတွင်းရှိရပ်ကွက်များ ကငွေဆွမ်းလောင်းလှူရန်စီတန်းလှည်လည်၍ စေတီတော်ကြီး သို့ လာရောက်ထည့်ဝင် လှူဒါန်းခဲ့ကြပြီး၊ ဒီဇင်ဘာ  ၅ ရက်( ယနေ့တွင်) ညောင်ဦးမြို့ အမှတ် (၅)နယ်မြေအတွင်းရှိရပ်ကွက် (၁၂)ရပ်ကွက်နှင့်လူမှုရေးအသင်း၊ ပြည်တွင်းဧည့်လမ်းညွှန်အသင်းတို့မှ ကငွေဆွမ်းလောင်းလှူရန် ပဒေသာပင်များ၊ ငွေပဒေဿာပင်များ၊ အတီး၊ အမှုတ်၊ အကတို့ ဖြင့်စီတန်းလှည်လည်၍ စေတီတော်ကြီးသို့လာ ရောက်ထည့်ဝင်လှူဒါန်းကြရာ ကျပ်သိန်းပေါင်း ရှစ်ဆယ်နှင့် ကိုးသောင်းကိုးထောင် (၈၀၉၉၀၀၀)ကျပ် ငွေဆွမ်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း