မိုးမိတ် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ရှမ်းနှစ်သစ်ကူးနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က မြို့မပြည်သူအားကစားကွင်း၌ စတင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးဗိုလ်လုပွဲ၌ White Fox နှင့် Ron Fc အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ၅ ဂိုး ၁ ဂိုးဖြင့် White Fox မှအသင်းမှ အနိုင်ကစားခဲ့ပြီး ပထမဆုကြီးကို ဆွတ်ခူးရရှိခဲ့ပြီး ဂိုးသွင်းအများဆုံးဆုကို White Fox အသင်းမှ ကိုအာကာမိုးမှ လည်းကောင်း၊ နောက်တန်းအကောင်းဆုံးဆုကို White Fox အသင်းမှ ကိုအောင်ကောင်ထက်မှ လည်းကောင်း၊ ဂိုးသမားအကောင်းဆုံးဆုကို White Fox အသင်းမှ ကိုကောင်မွန်ဦးမှ လည်းကောင်း၊ အလယ်တန်းအကောင်းဆုံးဆုကို ရွှေမိုးမိတ် Fc အသင်းမှ ကိုဟိန်းမင်းထက်မှ လည်းကောင်း၊ အရှေ့တန်းအကောင်းဆုံးဆုကို ရွှေမိုးမိတ် Fc အသင်းမှ ကိုလိန်ဆိုင်မှ လည်းကောင်း အသီးသီးရရှိခဲ့ပြီး ဒုတိယဆုရှိခဲ့သော Ron Fc အား မြို့နယ်ရဲမှူး ကျော်အေးမောင်က လည်းကောင်း၊ ပထမဆုရရှိခဲ့သော White Fox အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦအောင်ဘော်မှ ပေးအပ်ချီးမြင့်ခဲ့ပြီး ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(ခရိုင်ပြန်/ဆက်)