ဖြူးမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အဆင်ပြေစေမည့် ပြောင်သေကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်လျက်ရှိရာ (၅၀)ရာခိုင်နှုန်းပြီးစီး

ဖြူး ဒီဇင်ဘာ ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ပြောင်သေကျေးရွာအုပ်စု၊ ပြောင်သေကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အဆင်ပြေစေမည့် ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ(၅၀)ရာခိုင်နှုန်းပြီးစီး၍ ဒီဇင်ဘာလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကုန်ထုတ်လမ်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်(၁၈၃.၉၃)သန်းဖြင့် လမ်းအရှည်(၈၀၀၀)ပေ၊ လမ်းအကျယ်(၁၄)ပေ၊ အဆိုပါလမ်းအရှည်အတိုင်း မြေသားခင်းခြင်း၊ ကျောက်ရောမြေခင်းခြင်း၊ Pipe Culvert(၁၀)စင်းနှင့် တံတား(၁)စင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒီဇင်ဘာလကုန်တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းကုန်ထုတ်လမ်းပြီး ပါကျေးရွာအုပ်စုအတွင်း အဓိကအားထားလုပ်ကိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အရေးပါမည်ဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)