သတင်းများ

ကျွန်းလှမြို့နယ်၌ ဒေသထွက် ထိုင်ဝမ်ခရမ်းချဉ်သီး ဈေးကျ‌သော်လည်း ရောင်းအားကောင်းသဖြင့် ပုံမှန်ဝင်‌ငွေရရှိ
Apr 22,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက် ကာလတို ကာလရှည် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ကြရာ ထိုင်ဝမ်ခရမ်းချဉ်သီး ဈေးနှုန်းကျဆင်းသော်လည်း ရောင်းအားကောင်းသဖြင့် ပုံမှန်ဝင်ငွေရရှိနေကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စားတော်ပဲဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်
Apr 22,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စားတော်ပဲဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မူဆယ်မြို့တွင် အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Apr 22,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အစိုးရသစ်ကာလ အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို မူဆယ်မြို့၊ တောင်ရပ်ကွက်၊ ချယ်ရီခန်းမတွင် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Apr 22,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ်သင်ကြား
Apr 22,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ကွန်ပျူတာနည်းပညာရပ်များ တတ်မြောက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  
မိုင်းဆတ်မြို့၌ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား သောင်းသောင်းဖျဖျကြိုဆို
Apr 22,2026
တြိဂံဒေသတိုင်းစစ်ဌာချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်စိုး ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ကြိုဆိုပွဲတက်ရောက်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အင်္ဂလိပ်စာ (4Skills) အခြေခံသင်တန်းဖွင့်လှစ်
Apr 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အင်္ဂလိပ်စာ (4 Skills) အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် စက်ချုပ်နည်းပညာသင်တန်း(ပထမ) အကြိမ်ဖွင့်ပွဲအခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌတက်ရောက်
Apr 22,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် စက်ချုပ်နည်း ပညာသင်တန်း(ပထမ)အကြိမ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ဒေသအဆင့်နှင့် မြို့နယ်အဆင့် ဆိုင်ရာမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြ၊ သင်တန်းသား/သင်တန်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။