သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

သဲကုန်း ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက အမျိုးသမီးများအပေါ်တွင် ဖြစ်ပွားကျူးလွန်နေသော အကြမ်းဖက်မှုအကြောင်းအရာများ၊ အကြမ်းဖက်မှု အမျိုးအစားများဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အကြမ်းဖက်မှုဖြစ်ပွားရခြင်း၏အကြောင်းရင်း၊ အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှု၏ အကျိုးဆက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)