သတင်းများ

မင်းလှမြို့နယ်တွင် သစ်တောဦးစီးဌာနမှ၂၀၂၅ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၆၇၇၀၉) ပျိုးထောင်ထားရှိ
May 27,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်‌ရန် ၂၀၂၅ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၆၇၇၀၉) ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 27,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် (၁၂)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ်၌ တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူလေးများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး
May 27,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ၂၀၂၅ ခုနှစ် ဇွန်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် Grade-12 ကျောင်းသား/သူများအား ကျန်းမာရေးကောင်းမွန်စွာရာနှုန်းပြည့်ပြန်လည်ဖြေဆိုနိုင်ရေးအတွက် ခန္တီးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီအချိန်မှစ၍ အခြေခံပညာအထက်တန်းကျောင်း (ခန္တီး) ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သန်လျင်မြို့၌ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် Mobile Library Bus ဖြင့်စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး
May 27,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် ပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမိုမြှင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယနေ့နံနက် (၁၀) နာရီအချိန်က ရေနံရပ်ကွက်၊ ပဲခူးစုရပ်ကွက်များသို့ သုတ/ရသစာအုပ်၊ စာစောင်မျိုးစုံ (၅၀၀) ကျော်ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေးပျိုးပင်ပေါင်း ၂၈၀၀၀ ကျော် ပျိုးထောင်ထားရှိ
May 27,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဥတုဒဏ်ကာကွယ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်‌ ပေါင်း ၂၈၀၀၀‌ ကျော်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးဦးထံမှ သိရသည်။
မဟာအောင်မြေမြို့နယ်၌ ငလျင်ဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် အိမ်သုံးပစ္စည်းများ ပေးအပ်
May 27,2025
 မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် (၁၈) ရပ်ကွက်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ စားသောက်ဖွယ်ရာများနှင့် အိမ်သုံးပစ္စည်းများကို ပေးအပ်ခဲ့သည်။
ကယားပြည်နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 27,2025
ကယားပြည်နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားကို အမှတ် (၅) အခြေခံပညာအထက်အတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အနာဂတ်လူရည်မွန်” သီချင်းဖြင့် သီဆို ဖွင့်လှစ်ပေးသည်။        
မိတ္ထီလာမြို့၌ ပလတ်စတစ် အမှိုက်ကင်းစင်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
May 27,2025
၂ဝ၂၅ ခုနှစ် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ဖြစ်သည့် ကမ္ဘာ့တစ်ဝန်းပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေးဆောင်ပုဒ်နှင့်အညီ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မိတ္ထီလာမြို့မဈေးကြီးနှင့် ညောင်ပင်သာကျေးရွာ ခေမာသီရိပရဟိတသီလရှင်သင်ပညာရေးကျောင်းတို့၌  ယနေ့နံနက်ပိုင်းက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။