သတင်းများ

ထားဝယ်မြို့၌ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်
May 08,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကြက်စားပြင်ရပ်၊ အမှတ်(၂)အခြေခံ ပညာအလယ်တန်းကျောင်းဆောင်ဟောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။
ပျော်ဘွယ်မြို့နယ်အတွင်းရှိ တောင်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ဓာတ်မြေဩဇာများဖြန့်ဖြူးရောင်းချ
May 08,2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပျော်ဘွယ်မြို့နယ်၌ အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နွေးစပါးစိုက်တောင်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ယူရီးယားဓာတ်မြေဩဇာများဖြန့်ဖြူးရောင်းချပေးခြင်းကို မေ ၈ ရက် နံနက် ၉ နာရီခွဲက ယင်းတော်မြို့မကျေးရွာတွင် ကျင်းပသည်။
သရက်ချောင်းမြို့နယ်၌ ၂၀၂‌၆–၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်
May 08,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂‌၆–၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက သရက်‌ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သရက်ချောင်းမြို့နယ်၊ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 08,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ ယနေ့နံနက် ၉နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
ညောင်ဦးမြို့မင်းနန်သူ ဂူဘုရားသုံးဆူတွင် ဘုရားတည်ဆောက်ပုံ ဗိသုကာပညာနှင့် နံရံပန်းချီများကိုလေ့လာနိုင်
May 08,2026
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွား ဘုရားဖူး၊ လေ့လာရေးရောက်ရှိခဲ့ပါက မင်းနန်းသူကျေးရွာအနီးရှိ ဂူဘုရားသုံးဆူတွဲလျက် တည်ဆောက်ထားသည့် ဘုရားတည်ဆောက်ပုံ ဗိသုကာပညာရပ်နှင့် လက်ရာအလွန်မြောက်စွာရေးဆွဲထားသည့်၊ နံရံပန်းချီများကိုလေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။
ထားဝယ်မြို့၌နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
May 08,2026
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံက်ပိုင်းက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
မိတ္ထီလာမြို့နယ်၌  ရက် (၁၀၀)စီမံချက်ဖြင့် နွေစပါးမျိုးစေ့ထုတ် (ရေဆင်း ပေါ်ဆန်း-၂) ဧက ၁၀၀ စိုက်ခင်းတွင် သဘာဝမြေသြဇာနှင့် ယူရီးယားဓာတ်မြေသြဇာ အချိုးကျရောစပ်  ကြဲပက်
May 08,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် သဘာဝမြေသြဇာနှင့် ယူရီးယားဓါတ်မြေသြဇာ အချိုးကျရောစပ် ကြဲပက်ပွဲကို မေ ၈ ရက် နံနက် ၉ နာရီက စက်ပစ်တောင်ကျေးရွာ ကွင်းအမှတ် ၇၄၀ ရှိ  နွေစပါးမျိုးစေ့ထုတ် ဧက ၁၀၀ စိုက်ခင်းတွင် ကျင်းပသည်။
သာစည်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊နွား ၁၇၂၅  ကောင်ကို ကာကွယ်ဆေးထိုးနှံပြီးစီး
May 08,2026
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲနွားများတွင် အဖြစ်များသော ဒေါင့်သန်းရောဂါနှင့် ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးထို့နှံခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိရာ မေ ၇ ရက်က သပြေဝကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။