သတင်းများ

ကိုကိုးကျွန်းမြို့နယ်တွင် အခြေခံမွေးမြူရေးသင်တန်းဖွင့်ပွဲ ပြုလုပ်ကျင်းပ
May 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံမွေးမြူရေးသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဌာနမှ ဦးစီးမှူး ဒေါက်တာမျိုးထွန်းမှ မွေးမြူရေးသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါအခြေခံမွေးမြူရေးသင်တန်း အမှတ်စဉ် (၂) ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ အသားကဏ္ဍဖူလုံစေရေးနှင့် အစားအသောက်ဘေးကင်းလုံခြုံရေးကို ဦးတည်လျက် တစ်ပိုင်တစ်နိုင်မွေးမြူရေးစနစ်မှ စီးပွားဖြစ်မွေးမြူနိုင်ရေးစနစ်သို့ ကူးပြောင်းသွားရန် ရည်ရွယ်၍ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့ မြို့မ‌ဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇတ်တိုက်လေ့ကျင့်
May 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ မြို့မဈေးတွင် မေ ၆ ရက်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇတ်တိုက်လေ့ကျင့်ခြင်း‌ ဆောင်ရွက်ခဲ့သည်။
မြိတ်မြို့တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား ကျင်းပ
May 08,2026
၂ဝ၂၆ ခုနှစ်၊ မေလ(၈)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို နေရာဒေသအသီးသီးတွင် ကျင်းပလျက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ယနေ့နံနက် (၈)နာရီခွဲက မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပသည်။
ကြံခင်းမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်း ကာကွယ်ဆေးထိုးနှံပေး
May 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာတွင် ရက် ၁၀၀ စီမံချက်ဖြင့် မေ ၆ ရက်နေ့နံနက်ပိုင်းက ကျွဲ၊ နွားများတွင် အဖြစ်များတတ်သော လည်ချောင်းကွဲ ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျောက်မှော်ကုန်းကျေးရွာ ဝက်ခြံများ၌ ခြဖျန်းဆေးဖျန်းခြင်းကို မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းကို ဦးဆောင်သော ဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ကွင်းဆင်းဆောင်ရွက်ကြသည်။
ဒေးဒရဲမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
May 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးလယ်မြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေး ရည်ရွယ်၍  မိုးစပါးစိုက်ပျိုးမည့် လယ်မြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)  ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို မေ ၆ ရက်နေ့ နံနက်(၉) နာရီက ဒေးဒရဲမြို့နယ်၊ တညင်ကုန်းကျေးရွာရှိ ကွင်းအမှတ် (၂၄၄-က)၊ ဦးပိုင်အမှတ် (၆၆)ရှိ တောင်သူဒေါ်ပု၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘော လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
May 08,2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ပြည်သူ့အစိုးရသစ်ရက် ၁၀၀ စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူထုအခြေပြုဗဟိုဌာနတွင် ရက် ၁၀၀ စီမံချက် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများကို မေ ၆ ရက်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။