သတင်းများ

ကျောက်တံခါးမြို့နယ်၌ မိုးရာသီ (အကြို) သစ်ပင်စိုက်ပွဲတော်အခမ်းအနားကျင်းပ
May 27,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ (အကြို) သစ်ပင်စိုက်ပွဲတော်အခမ်းအနားအား ‌ယမန်နေ့က မြို့ချောင်းကျေးရွာအုပ်စု၊ ကာလူးကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)ကျင်းပပြုလုပ်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်လမ်းများ ပြန်လည်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး၊ နေပြည်တော်‌ ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး တက်ရောက်
May 27,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရာဇသင်္ဂဟလမ်းမကြီးသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်နေမှုနှင့် လမ်းခင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ပလက်ဖောင်းများ စနစ်တကျပြုပြင်ရေးနှင့် လမ်းမကြီးဘေး သစ်ပင်များ တိုးချဲ့စိုက်ပျိုးရေးတို့ကို မှာကြားခဲ့သည်။
မုဒုံမြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
May 27,2025
မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်က မြို့မ(၄)ရပ်ကွက်ရှိ ကန်ကြီးသုဿာန်ဝင်းမြေနေရာ၌ ကျင်းပသည်။
တနင်္သာရီမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူဖွင့်လှစ်ပွဲနှင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 27,2025
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပညာရေးမှူးရုံးကကြီးမှူး၍ တနင်္သာရီမြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် (၆ပေ-၄ပေ) အရွယ် မြေစိုက်ပိုစတာများ စိုက်ထူဖွင့်လှစ်ပွဲနှင့် ကျောင်းအပ်နှံရေးနေ့အခမ်း အနားကို မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ ကျင်းပပြုလုပ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် ငလျင်ဘေးသင့်ပြည်သူများ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်၊ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့နှင့် တွေ့ဆုံ၊ နွေစပါးစိုက်ခင်းများ ကြည့်ရှု
May 27,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံတော်မှ ငလျင်ဘေးသင့် ပြည်သူများအား ငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် အ‌ခြေခံအင်္ဂလိပ်စာ Grammar (အခမဲ့) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
May 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန စာကြည့်တိုက်တွင် ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က အခြေခံအင်္ဂလိပ်စာ Grammer (အခမဲ့) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင် သစ်ကိုင်းများလဲကျမှုဖြစ်ပွား၍ မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်
May 27,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မေလ(၂၆)ရက်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် သစ်ပင်၊ သစ်ကိုင်းများ လဲကျကာ လမ်းပိတ်ဆို့ခြင်း၊ လူနေအိမ်ပေါ်ပိမိခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ယနေ့နံနက် ၅ နာရီခွဲမှစတင်၍ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ မိုးရာသီ သီးနှံမျိုးစုံ (၁၇၈၁၆၉) ဧက လျာထားစိုက်ပျိုးမည်
May 27,2025
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီ အလိုက်သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ်မြစ်ရေတင်နှင့် မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီသီးနှံမျိုးစုံ (၁၇၈၁၆၉) ဧကကို လျာထားစိုက် ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။