နောင်ချို မေ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မဏိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နောင်ချိုမြို့နယ်ကြက်ခြေနီအသင်းခွဲ အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဒေါ်သီတာစုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဒေါ်လှလှဝင်းမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌမှ ပေးပို့လာသော သဝဏ်လွှာအားဖတ်ကြားခဲ့သည်။ ၎င်းနောက် ၂၀၂၅-၂၀၂၆ခုနှစ်အတွင်း နောင်ချိုမြို့နယ်၏ ကြက်ခြေနီလှုပ်ရှားမှုများအား ဒုမြို့နယ်တပ်ဖွဲ့မှုး ဒေါ်ခင်ချိုအေးမှ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် ၂၀၂၅-၂၀၂၆ခုနှစ်အတွင်း လူမှုဂရုဏာလုပ်ငန်းများကိုစွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် သွေးလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကာ ခင်းကျင်းပြသထားသော မိုင်းအန္တရာယ်ရှင်းလင်းရေးအသိပညာပေးပြခန်းအား တက်ရောက်လာသူများမှ ကြည့်ရှု့လေ့လာခဲ့ကြကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲထံမှ သိရသည်။
မြို့နယ်၊ ပြန်/ဆက်