ကြံခင်း မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက AI နည်းပညာ လက်တွေ့အသုံးပြုနည်းသင်တန်းဖွင်လှစ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ မျိုးဆက်သစ်လူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ဌေးဌေးက အဖွင့်အမှာစကားပြော ကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က AI နည်းပညာကို ခေတ်နှင့်အညီအသုံးပြု၍ အကျိုးပြုလုပ်ငန်းများဆောင်ရွက်စေရန်နှင့် အခြေခံမှစ၍ သိရှိကာ လေအ့လာသုံးပြုတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းအားပို့ချခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျွမ်းကျင်(၂) (ဓာတ်ပုံ)ဦးဖြိုးဝေလင်းက AI နည်းပညာဆိုင်ရာအခြေခံသဘောတရားများ၊ AI အမျိုးအစားများ၊ လက်တွေ့လုပ်ဆောင်ရမည့် အခြေခံသဘောတရားများ စသည်တို့ကို သင်ပြပေးလျက်ရှိသည်။
အဆိုပါ သင်တန်းကို မေလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီ၊ နေ့လယ် ၁ နာရီမှ ၄ နာရီအထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ရာ နည်းပညာ စိတ်ပါဝင်စားသူ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)