သတင်းများ

တာမွေမြို့နယ်တွင် ၂၀၂၄-ခုနှစ် ဒီဇင်ဘာ အားကစားလ (နောက်ဆုံးပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲကျင်းပ
Dec 28,2024
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် ယနေ့နံနက် (၅)နာရီခွဲအချိန်က တာမွေမြို့နယ်၏ ၂၀၂၄-ခုနှစ် ဒီဇင်ဘာအားကစားလ(နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပ
Dec 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်ကျင်းပသော ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက မြို့နယ်အားကစားကွင်း တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း (၇၈)‌နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ ဖြစ်သည့် ဗိုလ်မှူး ကြီးရဲမိုး၊ ဦးဇေယျလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ကန့်ဘလူမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 28,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ဒီဇင်ဘာအားအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီ ၁၀ မိနစ်က မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။
သထုံမြို့၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲပြုလုပ်
Dec 28,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လှုပ်ရှားမှုအဖြစ် လူထုလမ်း‌လျှောက်ပွဲကိုယနေ့နံနက်က စုပေါင်းကျင်းပပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ကျင်းပ
Dec 28,2024
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစတင်ကာ သံဖြူဇရပ်မြို့၊ အ.ထ.က(၂)၊ အ.ထ.က(ကျုံကဒတ်)နှင့် အ.ထ.က(ကျိုက္ခမီ)စသည့်စာ​ဖြေဌာန ၃ ခုတို့၌ ကျင်းပပြုလုပ်သည်။
ညောင်ဦးမြို့၌ ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ် ရှားမှုပြုလုပ်
Dec 28,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ဒီဇင်ဘာ အားကစားလှုပ်ရှား လမ်းလျှောက်ခြင်းကို ဒီဇင်ဘာ ၂၈ နံနက် ၆ နာရီအချိန်က ညောင်ဦးမြို့ ဘုရားနီလမ်းဆုံ မှစတင်ကာ ခရိုင်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲ
Dec 28,2024
လူတစ်ဦးချင်းမှအစပြု၍ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး စိတ်နှလုံးရွှင်လန်းစေရန် တစ်မျိုးသားလုံး ကျန်မာကြံ့ခိုင်စေရန်နှင့် မြန်မာ့အားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလူထုအားကစား လှုပ်ရှားမှု အထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံက် (၆) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ရုံးရှေ့၌ စတင်စုပေါင်း လမ်းလျှောက်ပွဲကျင်းပခဲ့သည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ မြို့ပေါ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၂၀၀)ဦးခန့် ပျော်ပျော်ရွှင်ရွှင် စည်းကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။လူထုလမ်းလျှောက်ပွဲ သို့ ပါဝင်ဆင်နွှဲကြသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့မှစတင်၍ နတ်မောက်-ပျော်ဘွယ်ကားလမ်းအတိုင်း ပျော်ပျော်ပါးပါးလမ်းလျှောက်ကာ သတ်မှတ်ထားသည့်ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံရှေ့ တွင် စုပေါင်း ကိုယ်လက်  ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)နှင့်(၂)တို့ကို စုပေါင်း ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။