သတင်းများ

ညောင်လေးပင်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ
May 23,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးကြောင်း သိရသည်။
မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံး တောင်ဥက္ကလာပမြို့နယ်နာယကများနှင့် အလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်ခြင်းအခမ်းအနားကျင်းပ
May 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံး၊ တောင်ဥက္ကလာပမြို့နယ်နာယကများနှင့်အလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်ခြင်းအခမ်းအနားကို မေလ ၁၉ ရက်နေ့နံနက်ပိုင်းအချိန်က ကျင်းပြုလုပ်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
May 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့၀င်များက မေလ ၂၁ ရက်နေ့နံနက်ပိုင်းက ကရင်အမျိုးသားရပ်ကွက်အတွင်းသို့ကွင်းဆင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပုဇွန်တောင်မြို့နယ် ကလေးစာဖတ်ခန်းတွင် ကလေးငယ်များအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ပန်းချီ ပြိုင်ပွဲလှုပ်ရှားမှုများဆောင်ရွက်
May 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူများစာကြည့် တိုက်အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်စေရန်နှင့် ကာယ၊ ဉာဏစွမ်းရည် တိုးတက်‌ကောင်းမွန်စေရန်ရည်ရွယ်၍ မေလ ၂၀ ရက် နေ့နံနက် ၁၀း၃၀ နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခြင်မှဖြစ်ပွားတတ်သောရောဂါများ ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်
May 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ခြင်မှဖြစ်ပွားတတ်သောရောဂါများ ကင်းဝေးစေရေးအတွက် မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများမှကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မေလ၂၀ရက်နေ့နံနက်၉နာရီအချိန်၌ ၁အနော်မာရပ်ကွက်၊၁/ထူပါရုံရပ်ကွက်၊၇/အရှေ့ရပ်ကွက်၊၆/အရှေ့ရပ်ကွက်၊အမှတ်(၉)ရပ်ကွက်၊၁၀/တောင်ရပ်ကွက်စသည့် ရပ်ကွက်များရှိ စုရပ်အသီးသီး၌ ဆေးထိုးအဖွဲ့များခွဲကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ကြည့်မြင်တိုင်မြို့နယ်၌ ဂျပန်ဦး‌နှောက်ရောင်ကာကွယ်ဆေးထိုးနှံပေး
May 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မေ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ထီးတန်းရပ်ကွက်၊ စျေးကလေးရပ်ကွက်အတွင်း၌ အသက် ၁ နှစ်မှ ၅ နှစ်အထိ ကလေးငယ်များအား ဂျပန်ဦး‌နှောက်ရောင်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သံဖြူဇရပ်မြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ စတင်ထုတ်ပေး
May 23,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို မေ ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိပြီး နေ့စဥ် နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးလျက်ရှိသည်။
မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦနှင့် စေတီပျက်များ ရှင်းလင်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 23,2025
အမရပူရခရိုင်၊ အမရပူရမြို့ပေါ်ရှိ တောင်မင်းကြီးဘုရား၊ ဘုရားသုံးဆူနှင့် ရွှေဂူကြီးဘုန်းတော်ကြီး ကျောင်းတိုက်အတွင်း ပျက်စီးသွားသောကျောင်းတိုက်များကို သန့်ရှင်းရေးများပြုလုပ်နေရာသို့ ယနေ့နံနက် ၁၁ နာရီအချိန်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။