မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(ခန်းမ)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

မိုင်းစံ မေ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်ပြပွဲ ယနေ့နံနက် ၁၀နာရီခွဲ က မိုင်းစံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်ပြသရာ အနာဂတ်နိုင်ငံတော်ကို‌ပုံဖော်ပေးနိုင်မည့် ကလေးများအား ကလေးအလုပ်သမားမဖြစ်စေရေး ဝိုင်းဝန်းကြိုးပန်းဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုးရွားဆုံးပုံစံဖြင့် ကလေးများအား ရုပ်ပိုင်းဆိုင်ရာစိတ်ဓါတ်ရေးရာဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု အကာအကွယ်မဲ့စေသောအလုပ်များ အန္တရာယ်များသော စက်ယန္တရား၊ လေးလံသောဝန်များကို သယ်ပိုးသောလုပ်ငန်းများ ကျန်မာရေးထိခိုက်စေသောလုပ်ငန်းများ အချိန်ကြာရှည်သောညရေးညတာ၌ လုပ်ရသောအလုပ်များတွင် လုပ်ကိုင်ရသောကလေးများအား ကလေးအလုပ်သမားအဖြစ်သတ်မှတ်ကြောင်းနှင့် နိုင်ငံတော်က ကလေးအလုပ်သမားပပျောက်ရေးအတွက် အဓမ္မခိုင်းစေမှုပပျောက်ရေးဘေးကင်ပြီး ကျန်းမာသောလုပ်ငန်းခွင်ပတ်ဝန်းကျင်ဖြစ်ပေါ်ရရှိစေရေးစသည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို အသိပညာပေးနံရံကပ်စာစောင်ပြသခဲ့သည်။

ဆက်လက် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စာစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အိဇာချို၊မိုင်းစံ(ပြန်/ဆက်)