သတင်းများ

ကလေးဝမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပိုစတာပြိုင်ပွဲကျင်းပ
May 11,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပိုစတာပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
မင်းကင်းမြို့တွင် ပန်းတိုင်သီးနှံစုံစိုက်ဧက‌‌ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
May 11,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပန်းတိုင်သီးနှံနှင့်ဆီထွက်သီးနှံ ပဲပုပ်အပါ (၁၄) မျိုးနှင့်ပတ်သက်သည့် စိုက်ဧကနှင့်အထွက်နှုန်းမှန်ကန်စွာကောက်ယူနိုင်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ပန်းတိုင်သီးနှံစိုက်ဧက မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ညနေပိုင်းတွင် အံ့စရာကျေးရွာနှင့် မင်းစားကျေးရွာများတွင် သွားရောက်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်
May 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်သည် ယနေ့နံနက်ပိုင်းက ရေစီးရေလာကောင်းမွန်ရေးနှင့် မိုးစပါးစိုက်ပျိုးနိုင်ရေး လယ်ရေသွင်းမြောင်းများ ရှင်းလင်းနေမှုအား တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့သည်။
သထုံမြို့နယ်တွင် ပန်းတိုင်သီးနှံများစိုက်ပျိုးနိုင်မှု အခြေပြုစစ်တမ်းကောက်ယူခြင်း ဆောင်ရွက်
May 11,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အောက်ကွင်းကျေးရွာများ၌ ပန်းတိုင်သီးနှံများစိုက်ပျိုးနိုင်မှု အခြေပြုစစ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းတို့ကို ယမန်နေ့က မြို့နယ်အဆင့် ကွင်းဆင်းစိစစ်စာရင်းကောက်ယူရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနှင့် အခြေခံလူသုံးကုန်ထုတ် လုပ်မှု နည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
May 11,2026
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံစားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်  မွန်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးမင်းမျိုးမြင့်နိုင်မှ တက်ရောက်၍ သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အရည်အသွေးပြည့်မီသော ပြည်တွင်း MSME ထုတ်ကုန်များပေါ်ပေါက်လာစေရေးအတွက်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ကိုကိုးကျွန်းမြို့နယ်တွင် ဝန်ထမ်းစာဖတ်ဝိုင်း ပြုလုပ်
May 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာတွင် ယနေ့နံနက် (၉) နာရီအချိန်၌ ဝန်ထမ်းစာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်၌ ရက်(၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ကူးစပ်ရောဂါကာကွယ်ဆေးများထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်
May 11,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ လွယ်ကိုးကျေးရွာအုပ်စု၊ နောင်ဖန်ကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများက တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေး ရက် (၁၀၀)ကာကယ်ဆေးထိုးစီမံချက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။
အောင်လံမြို့၌ အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
May 11,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါး ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အစားအသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှတာ၀န်ရှိသူများနှင့် အောင်လံ ခရိုင်နှင့်မြို့နယ် အစားအသောက်နှင့်‌ ‌ဆေး၀ါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့၀င်များနှင့် ပူးပေါင်း၍ အောင်လံမြို့စည်ပင်သာယာဈေးတွင် ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။