တွံတေး ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ဘုရားငုတ္တိုကျေးရွာ ဒလ-တွံတေး ကားလမ်းရှိ ဘုရားငုတ္တိုလမ်းဆုံတွင် ဘေးတွဲမောင်းနှင်သူ/အိုးဝေမောင်းနှင်သူများအားတွေ့ဆုံ၍ ယာဉ်/လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံ နက် ၁၀ နာရီအချိန်က အဆိုပါနေရာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာဟောပြောရာတွင် ယာဉ်ထိန်တပ်ဖွဲ့စု(၅၇)မှ တွံတေးတပ်ဖွဲ့စုမှူး ဒုရဲမှူးပြည်စိုးနှင့် တပ်ဖွဲ့ဝင်များက တွံတေးမြို့နယ် ဘုရားငုတ္တိုကျေးရွာ ဒလ-တွံတေး ကားလမ်းရှိ ဘုရားငုတ္တိုလမ်းဆုံတွင် ဘေးတွဲမောင်းနှင်သူ/အိုးဝေမောင်းနှင်သူများအားတွေ့ဆုံ၍ ယာဉ်/လမ်းစည်းကမ်းအသိပညာ ပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဘေးတွဲယာဉ်များ ဘုရားငုတ္တိုလမ်းဆုံမှ ကျော်ပြီး ဒလ/လှိုင်သာယာမြို့နယ်များသို့ သွားလာမောင်းနှင်မှု မရှိစေရေးနှင့် ဘေးတွဲမောင်းနှင်သူအချင်းချင်း massage ပေးကြရန် ပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မျိုးလှိုင် (တွံတေး)