အုတ်ဖို ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က အခမ်းနားမှူး သင်တန်းကို ဖွင့်လှစ်ပို့ချခဲ့သည်။
သင်တန်းတွင် ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အခမ်းနားမှူးအဖြစ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အခမ်းနားမှူး တစ်ဦးသည် သတ္တိ၊ သတိ၊ သိတက်ရမည်ဆိုသည့် “သ” သုံးလုံးကြေရမည်ဖြစ်ကြောင်း၊ အခန်းနားမှူးတစ်ယောက်၏ အရည်အချင်းများ၊ အခမ်းနားမှူး၏ ဝတ်စားဆင်ယင်မှု၊ အသံအနေအထားစသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပို့ချပေးခဲ့ကြောင်းနှင့် သင်တန်းသို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက် ခဲ့ကြောင်းသိရသည်။
အောင်သူ (အုတ်ဖို)