သတင်းများ

ရတနာပုံတက္ကသိုလ်၌ ကမ္ဘာ့ခရီးသွာနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Aug 15,2025
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (United Nations World Tourism Organization-UNWTO) သည် နှစ်စဉ် စက်တင်ဘာ ၂၇ရက်ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ထားပြီး အဖွဲ့ဝင် ကမ္ဘာ့နိုင်ငံများတွင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလျက်ရှိရာ အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ် အဆောင်-၂၂ ၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်အဖြစ် စာစီစာကုံး (အင်္ဂလိပ်ဘာသာ)ပြိုင်ပွဲကို ဩဂုတ် ၁၅ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။
မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့များဖြင့် လူငယ်စာဖတ်ဝိုင်း ဆောင်ရွက်
Aug 15,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များနှင့် လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Aug 15,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း(မင်းလက်ဝါး)ခန်းမ၌ ​ ကျင်းပခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့တောင်ဝိုင်းတောင် ခရီးစဉ်ဒေသအား ကြည့်ရှု
Aug 15,2025
ကရင်ပြည်နယ် ဘားအံမြို့သည် မိုးရာသီတွင် စိမ်းစိုလှပသော တောတောင် သဘာဝရှုခင်းအလှအပများကြောင့် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်လျက်ရှိရာ ဩဂုတ် ၁၅ ရက်နံနက် ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ  ဘားအံမြို့၏ တောင်ဝိုင်းတောင်ခရီးစဉ်ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြည့်ရှုစစ်ဆေးသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ  မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Aug 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက်(၁၀)နာရီ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းပျဉ်းမြို့၊ အ.ထ.ကကျောင်း၌ ကျောင်းတွင်းလက်မှုပညာပြိုင်ပွဲ ကျင်းပ
Aug 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းလက်မှုပညာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Aug 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြသခြင်းအား ယနေ့နံနက်ပိုင်းက မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်သည်။
ဆင်ပေါင်ဝဲမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်
Aug 15,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။