သတင်းများ

ပင်လုံမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ် (၃ )ဦးအား ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပ
May 15,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ပင်လုံမြို့၌ နိုင်ငံတော်အဆင့် လူရည်ချွန်များအဖြင့်ရွေးချယ်ခံရတဲ့ လူရည်ချွန်မောင်မယ်(၃)ဦးအား ကြိုဆိုဂုဏ်ပြုပွဲအား ယမန်နေ့ နေ့လည်(၁)နာရီက ပင်လုံမြို့ အ.ထ.က(၁)ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး (မြို့ပေါ် လှုပ်ရှား) တပ်ဖွဲ့ဝင်များအား ဆန်နှင့်ဆီထောက်ပံ့ခြင်း
May 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး (မြို့ပေါ်လှုပ်ရှား) တပ်ဖွဲ့ဝင်များအား ဆန်နှင့်ဆီ ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် KG နှင့် Grade–1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးစနစ် (ဆင့်ပွား)သင်တန်း ဆွေးနွေးပွဲပို့ချ
May 15,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ KG နှင့် Grade 1 သင်ပြနည်းစနစ် နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးစနစ်(ဆင့်ပွား)သင်တန်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ကွန်ဟိန်းမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အရည်အသွေးမြှင့်ဆင့်ပွား သင်တန်းဆွေးနွေးပွဲ ဆောင်ရွက်
May 15,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုရေးဆိုင်ရာအရည်အသွေးမြှင့် ဆင့်ပွားသင်တန်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Youth Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ
May 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Youth Club အဖွဲ့ မှ စာရေးဆရာဒေါက်တာ ခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောင်ခြင်း” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများကို မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 15,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိတောင်သူများ မိုးစပါးနှင့်အခြားမိုးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေးအတွက် မေလ ၁၃ ရက်နေ့ကစပြီး မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
May 15,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပေတော(ကန္တား)ကျေးရွာအုပ်စု၊ သဖန်းချောင်းကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့်တာဝန်ရှိသူများက ကျေးရွာနေပြည်သူများတွေ့ဆုံခြင်းနှင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက သဖန်းချောင်းကျေးရွာ၊ အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ဆင့်ပွား) ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
May 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် KG-Grade-1 မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ECCID) မြို့နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အလယ်ပိုင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။