သတင်းများ

ငါးသိုင်းချောင်းမြို့၌ စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာ
May 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းတွင် မြို့အတွင်းရှိ ကျောင်းအသီးသီး၌ ထုတ်ပြန်ကြေညာခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဆီဆိုင်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
May 15,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ဆီဆိုင်)ကျောင်းရှိ ယုဇနခန်းမ၌ တွေ့ဆုံသည်။
၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ကချင်ပြည်နယ် လူရည်ချွန်မောင်/မယ်များအား ပြည်နယ်ဝန်ကြီးများနှင့် ပြည်သူများ ဂုဏ်ပြုကြိုဆို
May 15,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကချင်ပြည်နယ်ကိုယ်စားပြု လူရည်ချွန်မောင်/ မယ်များသည် လူရည်ချွန်စခန်းအသီးသီးသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ယမန့်နေ့က မြစ်ကြီးနားလေဆိပ်၌ ပြန်လည်ရောက်ရှိခဲ့ကြရာ ပြည်နယ်ဝန်ကြီးများနှင့် မိဘပြည်သူများက သောင်းသောင်းဖြဖြ သွားရောက်ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများနှင့် အေးသာယာစက်မှုဇုန်အား ကြည့်ရှုစစ်ဆေး
May 15,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများနှင့် အေးသာယာစက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။
ဒေးဒရဲမြို့၌ အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
May 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် စျေးများမှထွက်ရှိသည့် အမှိုက်များအား စနစ်တကျစွန့်ပစ်နိုင်ရေးနှင့် စွန့်ပစ်အမှိုက်များ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဌာနဆိုင်ရာဝန်ထမ်းများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ကုလားပဲ၊ ဆား ပေးအပ်ပွဲပြုလုပ်
May 15,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြန်လည်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပေးအပ်ခဲ့သည်။
ကျိုင်းတောင်းမြို့၌ မူလတန်းအဆင့် ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းဆင်းပွဲ ကျင်းပ
May 15,2026
ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)၏ (၁၄၉၀)ကြိမ်၊ ရှမ်းတောင်မြို့နယ် ပေါင်းစုံဓမ္မစကူးလ်ကော်မတီ(၄၅)ကြိမ် ကျိုင်းတောင်းမြို့နယ် ဓမ္မစကူးလ်ကော်မတီ(ပထမ) အကြိမ် မူလတန်းအဆင့် ဓမ္မစကူလ်းဆရာအဖြစ်သင်တန်းကို (၇.၅.၂၀၂၆) ရက်နေ့၌ ကျိုင်းတောင်မြို့ မွေတော်မြို့နံစေတီဘုရားဝန်းအတွင်းစတင်ဖွင့်လှစ်ခဲ့ပြီး (၁၄.၅.၂၀၂၆) ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရပါသည်
လေးမျက်နှာမြို့နယ်တွင် ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်းရုပ်တုဖြစ်မြောက်ရေး အခမ်းအနားကျင်းပ
May 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်းရုပ်တု ဖြစ်မြောက်ရေး အခမ်းအနားကျင်းပခဲ့သည်။