သတင်းများ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်း အနားကျင်းပ
May 15,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံး အစည်းအဝေးခန်းမ (၁) တွင် ယမန်နေ့ နေ့မွန်းလွဲပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အစိုးရသစ်လက်ထက်ရက် (၁၀၀) အတွင်းဆောင်ရွက်မည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။
ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်စာစောင်ပြသခြင်း၊ နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်
May 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ ကလေး သူငယ်များ အသိပညာတိုးတက်စေရေး စာအုပ်စာစောင်ပြသခြင်း၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ နေ့လယ် ၁၂ နာရီ က ပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၊ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 15,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနသည် အများပြည်သူများ မီးဘေးအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာများ မပျက်စီး၊ မဆုံးရှုံးစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်း
May 15,2026
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အခွန်ထမ်းလုပ်ငန်းရှင်များအား အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မအူပင်မြို့၌ KG ၊ GRADE-1 နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲ ဖွင့်‌ပွဲအခမ်းအနားကျင်းပ
May 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို၌ KG ၊ GRADE-1 နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား) ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၉ နာရီက အမှတ်(၆) ရပ်ကွက်၊ ကျောင်းလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှကျေးရွာ၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်နေလူမှုဘဝမြှင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာနှင့် EMဖျော်ရည်ပြုလုပ်နည်းသင်တန်းပိတ်ပွဲ ကျင်းပ
May 15,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်စည်ပင်လှကျေးရွာ၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်နေလူမှုဘဝမြှင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာနှင့် EMဖျော်ရည်ပြုလုပ်နည်းသင်တန်းပိတ်ပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက် (၁၀၀) စီမံချက်အနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေး
May 15,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက် (၁၀၀) စီမံချက်အနေဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးခြင်းကို ယမန်နေ့ နံနက် ၁၂ နာရီခွဲအချိန်က အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့တွင် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနားပြုလုပ်
May 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ အခမ်းအနားကို အိုင်သပြုအုပ်စု၊ ပေါက်ကုန်းကျေးရွာ၊ ကွင်းအမှတ် (၁၁၈၀)၊ ဦးပိုင်အမှတ်(၁၇/၂)၊ တောင်သူဦးကြည်မြင့်၏ လယ်မြေ (၅) ဧကတွင် ယမန်နေ့နံနက် ပိုင်းက ကျင်းပခဲ့သည်။