သတင်းများ

ရေတာရှည်မြို့နယ်၌ "ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူ
May 24,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူနိုင်ရန်အတွက် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ "ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်အား မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်က အ-ထ-က (ရေတာရှည်) ကျောင်းရှေ့၌ စိုက်ထူခဲ့သည်။
ကြို့ပင်ကောက်မြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ
May 24,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပညာရေးမှူးရုံးရှေ့တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို မေလ ၂၁ ရက်နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် တိုင်းဒေသကြီး စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်စာကြည့်တိုက်ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
May 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်‌ရေးကော်မတီအဖွဲ့၀င်များနှင့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်ကော်မတီ၀င်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၁ ရက်နေ့ မွန်းလွဲ(၁)နာရီ၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင်  ကျင်းပပြုလုပ်သည်။
တောင်ငူမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားများအား ပင်စင်လစာများ လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိ
May 23,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားများအား ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ မေလ ၂၁ နေ့နံနက်ပိုင်းက တောင်ငူမြို့နယ် မြန်မာ့စီးပွာရေးဘဏ်ခွဲတွင် ထုတ်​ပေးလျက်ရှိသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညောင်ကျေးရွာ အလင်းတန်းစာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်
May 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင်  စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညောင်ကျေးရွာ အလင်းတန်း စာကြည့်တိုက်သို့ ကွင်းဆင်း ဆောင်ရွက်ခြင်းကို မေလ ၂၁ ရက်နေ့ နေ့လယ် (၃) နာရီအချိန်က ညောင်ကျေးရွာ အလင်းတန်းစာကြည့်တိုက်တွင်  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို မေလ ၂၁ ရက်နေ့ နံနက်(၈)နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေး​စောင့်​ရှောက်​ရေးအသင်းနှင့် ရပ်ကွက်လူကြီးများ၊ ပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း အဘိတ်ဆေးခတ်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
May 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် လူငယ်လူရွယ်များ စာပေများ ဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသောစာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ မေ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမြတ်ငြိမ်းရေးသားထားသော သတိ ကိုယ်ဟန်မူအရာကစကားပြောသည် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
သန်လျင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး စုပေါင်းဆောင်ရွက်
May 23,2025
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို အဖွဲ့များခွဲ၍ ဆောင်ရွက်လျက်ရှိသည်။