သတင်းများ

တောင်ဥက္ကလာပမြို့နယ် သင်္ဃန်းကျွန်းခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ခရိုင်အဆင့်မီးငြိမ်းသတ်ရေးနှင့် ရှာ‌ဖွေကယ်ဆယ်‌ရေး သင်တန်းဖွင့်ပွဲ ကျင်းပ
Jul 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ခရိုင်အဆင့် အဆင့်မြင့်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၄ ရက်နေ့နံနက် (၉:၀၀)နာရီ အချိန်က တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းခရိုင် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
မြစ်သားမြို့နယ်တွင်(၁၄) ကြိမ်မြောက် ပါဠိပထမပြန် စာမေးပွဲအောင်သံဃာတော်များအား ဆုပေးပွဲအခမ်းအနားကျင်းပ
Jul 18,2025
  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင်(၁၄)ကြိမ်မြောက် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲအောင် သံဃာတော်များအား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ရွှေကွမ်းတောင်ဘုရားဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။        
ဇေယျာသီရိမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်စကားဝိုင်း ကျင်းပ
Jul 18,2025
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျ ခွဲခြားစွန့်ပစ်ရန်အသိပညာပေးဟောပြာခြင်းနှင့် သရုပ်ပြသခြင်းဆောင်ရွက်
Jul 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေး ဟောပြောခြင်းနှင့်သရုပ်ပြသခြင်းကို ယနေ့မွန်းလွဲ  ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းပျဉ်းမြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ဟောပြောပွဲအခမ်းအနား ကျင်းပ
Jul 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပညာရေးဌာန၏  မြို့နယ်အဆင့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသ
Jul 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်တွင် ဝင်ငွေတိုးစီမံကိန်း အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
Jul 18,2025
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဝင်ငွေတိုးစီမံကိန်း အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက အင်းပက်လက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး  ဟောပြောပွဲကျင်းပ
Jul 18,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၌ စာဖတ်ရှိန်မြှင်တင်ရေးနှင့် လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၆ ရက်နေ့က အ.မ.က(လွန်)ဇေယျဝတီကျောင်း၌ ပြုလုပ်ခဲ့သည်။