သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ငြိမ်းချမ်းသာယာအားကစားဝင်းအတွင်း မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပေး၊ ငြိမ်းချမ်းသာယာရေကူးကန်အခြေအနေအား ကြည့်ရှုစစ်ဆေး
Jul 18,2025
ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ အများပြည်သူအားကစားပြုလုပ်ရာ နေရာများ စိမ်းလန်းစိုပြည်ရေးကိုရည်ရွယ်၍ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ငြိမ်းချမ်းသာယာအားကစားဝင်းအတွင်း ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။
မြောင်းမြမြို့တွင် ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်နှင့်အောက် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲကျင်းပ
Jul 18,2025
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်၊ မြောင်းမြို့၊ Happy ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်နှင့်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈း၀၀) နာရီအချိန်က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့တွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jul 18,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၅ ခုနှစ် (၇၈) နှစ် မြောက်၊အာဇာနည်နေ့ အထိမ်းအမှတ်စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၁၈) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲနှင့်ပြိုင်ပွဲများပြုလုပ်
Jul 18,2025
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ပန်းတောင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနံနက် ၁၀ နာရီက ကျောင်းသူ၊ ကျောင်းသားများအား (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကျင်းပ
Jul 18,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် (မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို အ-ထ-က (စဉ့်ကိုင်)၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်၌(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 18,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခတ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေး
Jul 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မိုင်းခတ်မြို့၊‌ အမှတ်(၁)ရပ်ကွက်ရှိ စာဖတ်ပရိသတ်များ ထံစာအုပ်များငှား ရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ် အမှတ်( ၇)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ
Jul 18,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၇)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများကို ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ သိရှိစေရန်အတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ သည်။