သတင်းများ

စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးအထူးအစီအစဉ်ဖြင့် ကွင်းဆင်းလှုပ်ရှားမှုများ ဆောင်ရွက်
Jul 18,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စေတုတ္တရာမြို့မြို့နယ်အတွင်းရှိ ကျောင်းသား/သူများအား ငှက်ဖျားရောဂါတိုက်ဖျက်ရေး အထူးအစီအစဉ်ဖြင့် ကွင်းဆင်းလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။
ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲပြုလုပ်
Jul 18,2025
(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
မိုးနဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ
Jul 18,2025
ကျောင်းသားလူငယ်များ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို မှတ်သားသိရှိနိုင်စေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကွင်းပြင်‌နေရာ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Jul 18,2025
ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဆုတောင်းရမြတ်စွာဘုရားဝင်းအတွင်း၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၁) ကျောင်း ထပ်မံ ယာယီပိတ်ထားရ
Jul 18,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၁)ကျောင်း ထပ်မံ၍ ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချမ်းအေးသာစံမြို့နယ် အမှတ် (၇) အခြေခံပညာမူလတန်းလွန်တန်းကျောင်း၌  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်
Jul 18,2025
အနာဂတ်ကာလတွင် ဦးဆောင်ကြမည့် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၇) အခြေခံပညာမူလတန်းလွန်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jul 18,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း မင်္ဂလာအခမ်းအနားသို့တက်ရောက်
Jul 18,2025
ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ပုသိမ်မြို့ပေါ်ရှိ ဆရာတော်အရှင်သူမြတ်များအား ပင့်ဖိတ်ကာ ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်နာယူခြင်းနှင့် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အစရှိသည့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား များကို နှစ်စဉ်ဝါတွင်းကာလရောက်ရှိတိုင်း အစဉ်အလာမပျက်ကျင်းပခဲ့ရာ ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့် ကျော် (၈) ရက်၊ ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပသည့် ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း မင်္ဂလာအခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်၍ ဥပုသ်သီလခံယူဆောက်တည်ခဲ့ကြကြောင်း သိရသည်။