မိုင်းပျဉ်းမြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ဟောပြောပွဲအခမ်းအနား ကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပညာရေးဌာန၏  မြို့နယ်အဆင့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တက်ရောက်လာကြသူအပေါင်းက ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား တစ်မိနစ်ငြိမ်သက်‌အလေးပြုကြသည်။ ထို့နောက် မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်လွင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ အာဇာနည်ကြီးများ၏ ဂုဏ်ရည်အကြောင်းကို အထကကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်နန်းမွမ်းမွမ်းစံနှင့် အ-ထ-က(ခွဲ) မှ ဒုတိယမူလတန်းပြဆရာမ ဒေါ်ချယ်ရီမြင့်တို့က အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။

အဆိုပါ ပညာရေးဌာန၏ မြို့နယ်အဆင့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားသို့ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ပညာရေးမှူးရုံးအဖွဲ့၊ အခြေခံပညာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ အထကကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)