မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်  ရေတံခါးပေါက်များအား ကြည့်ရှုစစ်ဆေး

မုံရွာ ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ လယ်/ယာမြေများ၊ မြို့ပြ/ကျေးရွာများနှင့် အိုးအိမ်များ ရေကြီးနှစ်မြှပ်မှုမှကာကွယ်နိုင်ရန် လယ်/ယာမြေများ ချင်းတွင်းမြစ်ရေတတ်ချိန်တွင် ရေသွင်းစိုက်ပျိုးနိုင်ရန်နှင့် ဒေသအတွင်း ရွာသွန်းသောမိုးရေနှင့် ချောင်းရေများအား ရေထုတ်တံခါးများမှတဆင့် ထုတ်ပြစ်ခြင်းဖြင့် ချင်းတွင်းမြစ်ရေဘေးမှ ကာကွယ်ပေးရုံသာမက အနိမ့်ပိုင်းကျပြီး မိုးရေကြောင့် မစိုက်ပျိုးနိုင်သော လယ်/ယာမြေ အချို့ပါ စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေဘေးကာကွယ်ရေးအတွက် ကျောက်စီတာရိုးနှင့် ‌‌တာပေါင်ထူးပေါက်များ ဂျင်း‌မြေခင်းချင်းထားရှိမှုနှင့် ရေတံခါးပေါက်များဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်တင်ပြရာ အဆိုပါ လုပ်ငန်းများနှင့်ပတ်သက်၍ ကော်မတီဥက္ကဋ္ဌက လုပ်ငန်းကဏ္ဍများအလိုက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)