သတင်းများ

ကျောက်တန်းမြို့နယ်တွင် အရောင်းဆိုင်များအား အခွန်အမှတ်တံဆိပ်ကပ်နှိပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Aug 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်မှု ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခြင်းကို ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School) ပြိုင်ပွဲသို့ မိုင်းဆတ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း (နားကော) ဝင်ရောက်ယှဉ်ပြိုင်မည်
Aug 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ပြည်နယ်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေခံပညာအလယ်တန်းကျောင်း (နားကော) ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင် လက်တွေ့စမ်းသပ်မဲ‌ပေးသရုပ်ပြခြင်းအခမ်းအနား ပြုလုပ်
Aug 19,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးသရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ရာ သထုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
လသာမြို့နယ် အမှတ်(၁၀)ရပ်ကွက်တွင် အာဟာရစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်
Aug 19,2025
ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၌ ယမန်နေ့နံနက်ပိုင်းအချိန်က အာဟာရရက်သတ္တပတ်အလိုက် ကလေးငယ်များနှင့် မိခင်များအတွက် အာဟာရစစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်
Aug 19,2025
ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Aug 19,2025
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
Aug 19,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မြို့နယ်ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၇ နာရီက ၈၁လမ်း၊ ၂၃/ ၂၄ လမ်းကြားရှိ အမှတ် (၂၁) အခြေခံပညာမူလတန်းကျောင်း၊ အားကစားပြိုင်ကွင်းတွင် ပြုလုပ်ခဲ့သည်။
သန်လျင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိလူနာများ၏ နေအိမ်ဝန်းကျင်များအား ဆေးဖြန်းခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 19,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် သောက်တော်တွင်းရပ်ကွက်၊ ပဒုမ္မာလမ်း၌ သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိလူနာများ၏ နေအိမ်ဝန်းကျင်၌ ဆေးဖြန့်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြသည်။