မြဝတီ သြဂုတ် ၁၉
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက ညှိနှိုင်းရေးမှူး (Moderator) အဖြစ် ဆောင်ရွက်၍ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ Grade-9 ကျောင်းသူ မပီတိချိုက လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ဝေဖြိုးအောင်က လူငယ်နှင့်နည်းပညာ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မဇင်ဇင်ထက်က လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့်လည်းကောင်း Grade-10 ကျောင်းသူ မအိန္ဒြေဖူးက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade -11 ကျောင်းသား မောင်သန့်ဇင်က လူငယ်နှင့်သဘာဝပတ်ဝန်းကျင် ခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများမှ မိမိတို့ သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပြီး လူငယ်စကားဝိုင်းအစီအစဥ်အား ရုပ်သိမ်းခဲ့သည်။ ဆက်လက်ပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ (၅) ဦးအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ကြသည်။
လူငယ်စကားဝိုင်း တက်ရောက်ခဲ့ကြသည့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံရံကပ်စာအုပ်စာစာင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)