သတင်းများ

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဘီလူးချောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Aug 18,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ ထေးသမရပ်ကွက် လေ့ကျင့်ရေးအလယ်တန်းကျောင်း ပြုပြင်နေမှု၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ဆရာဝန်ကြီးများအိမ်ရာများ ပြုပြင်နေမှု၊ ပြည်နယ်ရေကူးကန်နှင့် အားကစားရုံ၊ အားကစားကွင်းများ ပြန်လည်ပြုပြင်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ခရိုင်အဆင့်၊ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၂/၂၀၂၅)ဖွင့်လှစ်
Aug 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၂/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ခရိုင်မီးသတ်ဦးစီးဌာနရုံးခန်းမတွင်ပြုလုပ်ရာ အင်းစိန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးရဲထွန်းဇော်၊ အင်းစိန်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ခေါင်းဆောင်များ၊ အင်းစိန်ခရိုင်အတွင်းမြို့နယ်များမှ သင်တန်းသားများတက်ရောက်ကြသည်။
ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁၆) သင်တန်းဖွင့်ပွဲ ကျင်းပ
Aug 18,2025
ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိ နယ်မြေခံသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အုပ်ချုပ်သူနည်းပြများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁) နာရီ၌ ရွှေလင်ပန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁၄)တွင် ကျင်းပပြုလုပ်ခဲ့သည်။
သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Aug 18,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက အ.မ.က(မူလွန်)ကျိုက်မဲကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်
Aug 18,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့်လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ကရင်ပြည်နယ် မြဝတီမြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီခွဲက  ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
Aug 18,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
Aug 18,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်း၌  ( KG နှင့်G- 1) သားငယ်၊ သမီးငယ်များအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုကို ယ‌နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။