သတင်းများ

ပျော်ဘွယ်မြို့နယ်တွင် ကလေးသူငယ်များအတွက်သဘာဝဘေးအန္တရာယ်လျှော့ချရေးအသိပေး
Aug 19,2025
ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ကလေးသူငယ်များအတွက်သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေး(Kaeru Caravan)အစီအစဉ်ကို ဩဂုတ်၁၉ရက် နံနက်၉နာရီ က အခြေခံပညာအထက်တန်းကျောင်း(ရန်အောင်)၌ ကျင်းပသည်။
သာကေတမြို့နယ် ခုတင် ၁၀၀ ဆံ့ သွားနှင့် ခံတွင်းအထူးကုဆေးရုံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးသူငယ်များအား ခွဲစိတ်ကုသပေး
Aug 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ‌ထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၇) အရှေ့ရပ်ကွက်အတွင်း ရှုခင်သာလမ်းရှိ ခုတင် ၁၀၀ ဆံ့သွားနှင့် ခံတွင်းအထူးကုဆေးရုံ(သာကေတ)တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသော ကိုရီးယားနိုင်ငံ Korea University Medicine မှ Mr Chang ဦးဆောင်သည့် ဆရာဝန်(၅)ဦး သူနာပြု(၂)ဦး စုစုပေါင်း(၇)ဦးသည် သွားနှင့် ခံတွင်းဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ပူးပေါင်း၍ ခွဲစိတ်ကုသရန်လျာထားသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးလူနာ(၂၈)ဦးအနက် (၈)ဦးအား ခွဲစိတ်ကုသမှုပေးလျက်ရှိကြောင်း သိရသည်။
ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ဟန့်တားကာကွယ်ရေး အခြေခံပညာကျောင်းများသို့ ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကိုကွင်းဆင်းတိုက်ကျွေးခြင်းဆောင်ရွက်
Aug 19,2025
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ဟန့်တားကာကွယ်ရေး ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယမန် နေ့နေ့လယ်(၁)နာရီခွဲအချိန်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၅)နှစ်မှ(၇)နှစ်ထိ ကျောင်း သား၊ ကျောင်းသူများအား ကွင်းဆင်းတိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။
မြစ်သားမြို့နယ် အခြေခံပညာ‌မူလတန်းကျောင်းများတွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေး‌ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်
Aug 19,2025
 မန္တလေးတိုင်းဒသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးဟာ‌ပြောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ရွှေသူဌေးအခြေခံ ပညာမူလတန်းကျောင်းတွင် ကျန်းမာ‌ရေးစစ်‌ဆေးဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။
သရက်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် “လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးဖို့ ကျန်းမာရေးမြှင့်တင်စို့”အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်
Aug 19,2025
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် “လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးဖို့ ကျန်းမာရေး မြှင့်တင်စို့” အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
သာယာဝတီမြို့နယ်၌ စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 19,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေးကြိုတင်ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ် ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
တာလေမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး  စာအုပ်စာစောင်ပြပွဲနှင့်  အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပ
Aug 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ် ၊ မူလွန် (ဟိုရင်) ကျောင်းတွင်အသိပညာပေးဟောပြောပွဲနှင့်‌ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Aug 19,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဟိုရင်) တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။