သတင်းများ

မိုးနဲမြို့နယ်၌ ဆီထွက်သီးနှံနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Aug 19,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ယခုနှစ် မိုးသီးနှံ ဆီထွက်သီးနှံနေကြာကို ၅၂ ဧက စိုက်ပျိုးရန်လျာထားပြီး ရာနှုန်းပြည့် စိုက်ပျိုးပြီးဖြစ်ရာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေး‌ဟောပြောပွဲ ကျင်းပ
Aug 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သုံးခွကျေးရွာ၊ အ-မ-က မူ/လွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Aug 19,2025
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ အလုံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက စောရန်ပိုင်အရှေ့ရပ်ကွက်၊ အမှတ်(၁၅၂)၊ ဒုတိယသီရိရိပ်သာတွင် ဆောင်ရွက်ခဲ့သည်။
မိုင်းတုံမြို့တွင် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်
Aug 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်​၊ မိုင်းတုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်စျေးတန်းများတွင် ရောင်းချနေသည့် မုန့်များစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ယနေ့နံနက် ၉ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပင်လောင်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ပြည်သူများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေး
Aug 19,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ကျန်းမာရေးဦးစီးဌာန အထူးကုဆရာဝန်များက နယ်လှည့်ကုသရေးအဖွဲ့မှ ပင်လောင်းကြီးကျေးရွာအုပ်စု ပင်လောင်းကြီးအရှေ့ရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲပိုင်းထိ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်၀မ်းပျက်၊ ၀မ်း‌လျှောရောဂါကာကွယ်ဆေး(Oravacs)တိုက်ကျွေးခြင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 19,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး(Oravacs)တိုက်ကျွေးခြင်း အသိ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ.ထ.က(၁) ၊ ပညာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
မိုင်းခုတ်မြို့ အ-မ-က (ဝမ်ကတ်) ကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရကျွေးမွေးခြင်း ဆောင်ရွက်
Aug 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့အမက(ဝမ်ကတ်)ကျောင်းတွင်ယ​နေ့နံနက် ၁၀ နာရီအချိန်က ​ကျောင်းသား၊​ ကျောင်းသူများအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်ပေတိုင်းခြင်း၊ ဗီတာမင်အေတိုက်ကျွေးခြင်းစသည့် ​ကျောင်းကျန်းမာ​ရေးစစ်​ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲ ကျင်းပ
Aug 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက မယ်ဆွမ်မြောက်ရပ်ကွက်ရှိ မြို့မဘုန်းတော်ကြီးကျောင်း၌လည်းကောင်း၊ မွန်းလွဲ ၂ နာရီက ကျဒယ်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း၊ ညနေ ၄ နာရီက မြို့သစ်ရပ်ကွက်ရှိ ကောင်းမှုလျှံဘုန်းတော်ကြီးကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။