သတင်းများ

မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ (၁) ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Aug 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက  ဝေဘာဂီ (၁) ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ဆိပ်ဖြူမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူလ်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 17,2025
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူလ်းသင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီက မြို့နယ်ကျက်သရေဆောင် ရွှေမင်းဝန်စေတီတော်မြတ်၏ သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပခဲ့သည်။
ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Aug 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့် UIDကတ်ပြားများ ဆောင်ရွက်ခြင်းကို ယ‌‌မန်နေ့က ကော့သောင်းမြို့နယ်၊   ၈မိုင်ကျေးရွာ၊ ဝေ‌နေယျာသုခ ပရဟိတကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မုံရွာမြို့ အ.ထ.က(၂)တွင်   အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲ ကျင်းပ
Aug 17,2025
စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုး‌ရေး ရက်သတ္တ ပတ်များ လှုပ်ရှားမှုအဖြစ် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပသည်။
အိမ်မဲမြို့နယ် အ.ထ.က (၁) ကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်သစ်ဆောင်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ
Aug 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၁) ကျောင်းဝန်းအတွင်း၌ နှစ်ထပ်ကျောင်းဆောင်သစ်ဆောင်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇နာရီ ၃၀ မိနစ်က ကျင်းပခဲ့သည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) ဆင်း
Aug 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏လမ်းညွှန်မှုဖြင့် အခြေခံစာကြည့်တိုက် ပညာသင်တန်း (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ဩဂုတ်၁၅ ရက် နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။
မော်လမြိုင်မြို့  ဘိုကုန်းရပ်ကွက်တွင်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 17,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဘိုကုန်းရပ်ကွက် အောင်တော်မူ မူလွန်ကျောင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကြို့ပင်ကောက်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ဆာဖိုးသာစပါးစိုက်ခင်းသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Aug 17,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျွန်းကုန်းကြီးကျေးရွာအုပ်စုတွင် ကျေးရွာစိုက်ပျိုးရေးအသင်းသားတောင်သူ ဦးအုန်းသော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများသို့ ဩဂုတ်လ ၁၅ ရက်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။