သတင်းများ

ကန့်ဘလူမြို့ အ.ထ.က(၁)၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့် ကျောင်း​ကျန်းမာရေး သီတင်းပတ်အခမ်းအနားကျင်းပ
Aug 19,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးသီတင်းပတ် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Aug 19,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက  မြဝတီရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပ​သည်။
ပုသိမ်မြို့တွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Aug 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းစတင်၍ ရပ်ကွက်အသီးသီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် အာဟာရကျွေးမွေး
Aug 19,2025
သန်လျင်ခရိုင် သန်လျင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ပန်းတနော်မြို့နယ်တွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Aug 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက်၊ အားကစားခန်းမတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပသည့် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်ကကျင်းပခဲ့ကြောင်း သိရသည်။
လသာမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု ဆောင်ရွက်
Aug 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာ​​ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယမန်နေ့က လသာမြို့နယ် အမှတ်(၁)ရပ်ကွက် မူကြို(၆)ရှိ မြေညီထပ်ခန်းမ၌ ကျင်းပခဲ့ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းများဆောင်ရွက်
Aug 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များ အသုံးပြုသွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ပြည်သူများသို့ အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၄) ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ အားကစားခန်းမသစ်၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ၍ လာရောက်နေထိုင်သည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ချီးမြှင့်‌ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Aug 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍လာရောက်နေထိုင်သည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။