ပေါင်းတည် ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ခြင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှစီမံကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်သောပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ရွှေတည်(၂)ရပ်ကွက်အတွင်းရှိနေအိမ်များနှင့် စာသင်ကျောင်းများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းသန်းချစ်ဦးဆောင်၍ ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ စေတနာ့၀န်ထမ်းများပူးပေါင်း၍ ရပ်ကွက်အတွင်း ခြင်မှတစ်ဆင့်ဖြစ်ပွားတတ်သောသွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးဗီနိုင်းများကပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ဘုရားပန်းအိုး၊ ရေစည်၊ ရေအိုးများတွင် ပိုးလောက်လမ်း ရှိ၊ မရှိစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)