သာယာဝတီမြို့နယ်၊ အ.လ.က(ကြို့ကုန်း)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သာယာဝတီ ဩဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အ.လ.က(ကြို့ကုန်း)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် အ.လ.က(ကြို့ကုန်း)ကအဖွင့်အမှာစကားပြောကြားပြီး လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ သာယာဝတီခရိုင် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စန္ဒာမိုးက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြော‌ဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.လ.က(ကြို့ကုန်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၁၀)ဦးတတ်ရောက်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအားစိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)