လားရှိုး မေ ၂၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ လားရှိုးမြို့နယ် ရပ်ကွက် ၇ ရှိ သောက်သုံးရေလိုအပ်လျက်ရှိသည့် ပြည်သူများသို့ စုစုပေါင်း သောက်သုံးရေ ၁၈၀၀ ဂါလံအား သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့သွားရောက်လှူဒါန်းရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက ရပ်ကွက် ၇ နယ်မြေ ၁၈ ရှိ သောက်သုံးရေလိုအပ်လျက်ရှိသည့် စုစုပေါင်းလူဦးရေ ၂၄၈ ဦးတို့အတွက် သောက်သုံးရေ စုစုပေါင်း ၁၈၀၀ ဂါလံအား သောက်သုံးရေလိုအပ်လျက်ရှိသည့် ပြည်သူများ အဆင်ပြေစေရေးအတွက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)