နယ်စပ်ဒေသနေပြည်သူများအား ဗဟုသုတတိုးပွားစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 16,2020
နယ်စပ်ဒေသနေပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရေးအတွက် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများပြသခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန် က မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ကောက်ကွက်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။